5/12/12

နှယ်လှည့်ဆိုင်ကယ်သူခိုးနှစ်ဦးအားဖမ်းဆီးရမိခြင်း

(၉-၅-၂၀၁၂)ရက်နေ့တွင်တာဝန်သိပြည်သူတယောက်၏သတင်းပေးမှုကြောင့်နယ်လှည့်ဆိုင်ကယ်သူခိုးများ
ဖြစ်ကျသောကျော်စိုးနှင့်စိုင်းထွေးအောင်တို့နှစ်ဦးကိုPVAအမှတ်(၇)ဒေသ၊မယ်ပမှဒေသဦးဆောင်ကော်မတီ
(၁) ကိုကျော်ထက်နှင့်အဖွဲ့ဝင်များကသက်သေနှင့်တကွဖမ်းဆီးပေးနိုင်ခဲ့သည်။ဖြစ်စဉ်မှာ၎င်းတို့နှစ်ဦးသည် (၈-၅-၂၀၁၂)ရက်နေ့ည(၁၂း၀၀)နာရီခန့်တွင်မယ်ပ(၁)ရပ်ကွက်ရှိ(Golden New)ဟော်တယ်ရှေ့တွင် ရပ်ထားသောဟော်တယ်ဝန်ထမ်း၏ဆိုင်ကယ်(W-100)ပုံစံပြောင်းခဲအမည်း(821)ဆိုယ်ကယ်အားခိုးယူပြီး မယ်ပတောရကျောင်းရှေ့မအေးတန်းလျားအနီးရှိခေါင်မိုးနီးနှင့်တိုက်ကြီး၏အောက်ထပ်အိမ်သာထဲတွင် ဖွက်ထားခဲ့ပါသည်။ထို့နောက်(၉-၅-၂၀၁၂)ရက်နေ့၊ညနေ(၃း၀၀)နာရီခန့်တွင်၊၎င်းတို့နှစ်ဦးသည် ဆိုင်ကယ်
နံပါတ်ပြားဖြုတ်ရန်ဂွလိုက်လံငှားရမ်းရာတာဝန်သိပြည်သူတစ်ဦးမှတွေ့ရှိသတင်းပေးမှု ကြောင့်PVAအဖွဲ့ဝင်
များကသွားရောက်စုံစမ်းကြည့်ရူ့ခဲ့ရာအခိုးခံရသောဆိုင်ကယ်ဖြစ်နေကြောင်း တွေ့ရှိရပါသဖြင့်ပြည်သူ့
စေတနာ့ဝန်းအသင်း(P.V.A)အမှတ်(၇)မယ်ပမှဒေသဦးဆောင်ကော်မတီ(၁)ဦးကျော်ထက်ခေါင်းဆောင်သော
အဖွဲ့ဝင်များက၀င်ရောက်ဖမ်းဆီးရာခိုးရာပါဆိုင်ကယ်၏နံပါတ်ပြား ဖြုတ်နေစဉ်မှာပင်၎င်းဆိုင်ကယ်နှင့်အတူ၊
သူခိုးများဖြစ်ကြသောကျော်မိုးနှင့်စိုင်းထွေးအောင်တို့ကိုလက်ရဖမ်းဆီးမိခဲ့ပြီးထိုင်းနိုင်ငံအာဏာပိုင်များထံသို့
ဆက်လက်အရေးယူနိုင်ရန်အပ်နှံပေးခဲ့ပါသည်။
From May 12, 2012
From May 12, 2012

5/10/12

သေချင်တဲ့ကျားလေးများ တောမပြောင်းစေလို

(၄.၄.၂၀၁၂)ရက်နေ့နံနက်(၀၂း၄၅)ခန့်တွင် မြန်မာနိုင်ငံကရင်ပြည်နယ် မြ၀တီမြို့မှမင်းဦးအသက်(၂၉)နှစ်၊
သာဂိ၊ဦးရဲမြင့်၊ဦးချစ်လှိုင်အသက်(၄၀)နှစ်၊အဒွန်းစသူတို့ ခေါင်းဆောင်သော မြန်မာနိုင်ငံသား/သူစုစုပေါင်း
 (၂၀)ဦးကိုမဲ့ဆောက်မြို့မယ်ပရက်ကွက် ဒေသဆိုင်ရာ ပြည်သူ့စစ်(အောဘောတော) နှင့် ပြည်သူ့ စေတနာ့
ဝန်ထမ်းအသင်း (PVA) အမှတ် (၁၀) ဒေသတို့မှ စစ်ဆေးဖမ်းဆီးခဲ့ပြီးလူကုန်ကူးခံရမှုမှ ကာကွယ်ပေးနိုင်
ခဲ့ပါသည်။၎င်းလူအုပ်သည်လူဦးရေ(၇၀)ပါဝင်ပြီး စားရေရိက္ခာအပြည့်နှင့်ကြမ်းတမ်းသောတောင်ပေါ်ခရီး
အတွက်ပြင်ဆင်ထားသည်ကိုလည်းအလွယ်တကူမြင်ခဲ့ရပါသည်။၎င်းတို့အဆိုအရဘန်ကောက်(ကော်စက်ရုံ) သို့ အလုပ်သွင်းပေးမည်ဟုဤလူ(၇၀)ခန့်ကိုသိမ်းသွင်းပြီး မြ၀တီမြို့မှတဆင့်မဲ့ဆောက်(တပ်မအံ)သို့စတင်
ဝင်ရောက်ခဲ့ခြင်းဖြစ်ပါသည်။ထိုနောက်မယ်ပကျွန်းတောအနောကဘက်ရပ်ကွက်ကိုဖြတ်ကျော်လာစဉ်ဖမ်းဆီး
ခံခဲ့ရခြင်းဖြစ်သည်။ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း(PVA)သည်လူကုန်ကူးခံရ၍အကူအညီတောင်းခံခဲ့သော
မှတ်တမ်းများစွာနှင့်အတွေ့အကြုံများအရ ထိုင်းနိုင်ငံ ချွန်ဘူရီ အချောင်ဒေသငါးဖမ်းလှေတွင် ရောင်းစား
ခံရဖွယ်ဖြစ်နိုင်ကြောင်းတွက်ဆမိသည့်အပြင် ပတ်စပို့(စ်)နှင့်သာ အလုပ်သမားအခွင့်အရေးအပြည့်အဝ
ရရှိခံစားရနိုင်ကြောင်းကြုံတွေ့ခဲ့ဖူးသောများစွာသော အမှုများအရ သိရှိရပါသဖြင့်ဤသို့ဖမ်းဆီး
တားမြစ်ခဲ့ခြင်းဖြစ်ပါသည်။ဖမ်းဆီးခံရသူများကိုမဲ့ဆောက်မြို့ခရိုင်အုပ်ချုပ်ရေးရုံး (အန်ဖို)တွင်အပ်နှံခဲ့ပြီး ၄င်းနေ့တွင်ပင် အုပ်ချုပ်ရေးမှုးမှ မြန်မာနိုင်ငံ မြ၀တီမြို့သို ပြန်ပို့ပေးခဲ့ပါသည်။ မြန်မာနိုင်ငံတွင် အလုပ်အကိုင် ရှားပါး၍ စီးပွါးရေးကျပ်တည်းသော အလုပ်သမားများ သည် ထိုင်းနိုင်ငံ သို့ ပုံစံမျိုးစုံဖြင့် အသက်ကို ပဓာနမထားပဲ ရေကြည်ရာ မြက်နုရာသို့ လာရောက်နေကြလျှက်ရှိပါသည်။ ၎င်းအခက်အခဲကို
အခွင့်ကောင်းယူ၍မြန်မာအမျိုးသားကောင်း၊အမျိုသမီးကောင်းများကိုနှစ်နာပျက်စီးစေ၍မိမိ ကိုယ်ကျိုး
တခုတည်းကိုသာကြည့်တတ်သောလူယုတ်မာများအားအထူးသတိထားသင့်ပေအပ်သကဲ့သို့မြန်မာနိုင်ငံသား
များလမ်းကြောင်းများမှားယွင်းနေပါကလည်းမဖြစ်သင့်သည်တို့ကိုမိမိတို့တတ်စွမ်းသမျှကာကွယ်တားဆီးရန်
လည်းမြန်မာနိုင်ငံသားတိုင်း၏တာဝန်ဖြစ်ကြောင်းယူဆမိပါသည်။

မြေနှိမ်ရာလှံစိုက်သူများ

(၂၉-၄-၂၀၁၂)ရက်နေ့တွင် မဲဆောက်မြို့ရပ်နေ မချောစုသည်PVA ရုံးသို့လာရောက်ပြီး သူမ၏တူမဖြစ်သူ မနှင်းအေး(၁၇)နှစ်အရောင်းစားခံရမှုအပေါ်အကူအညီပေးပါရန် လာရောက်တောင်းဆိုခဲ့ပါသည်။ အကြောင်းစုံကိုမေးမြန်းရာတွင် မနှင်းအေးသည် သထုံမြို့အလံတရာရပ်တွင်မူလကနေထိုင်ခဲ့သူဖြစ်ပြီး လွန်ခဲ့သော(၂)လခန့်ကကယ်ရီတဦးကခေါ်ဆောင်ခဲ့ပြီးမဲဆောက်မြို့နောင်ဘွားအဝိုင်းနီးရှိအထည်ဆိုင်တွင် အလုပ်သွင်းထားခဲ့ပါသည်။၎င်းဆိုင်ရှင်ဖြစ်သူသည်ဘန်ကောက်သို့ပြောင်းရွေ့သွားရာလုပ်အားခမရှင်းပေး
ခဲ့သည့်အပြင် မနှင်းအေးအားအနှိပ်ခန်းတခုတွင်ရောင်းစားခဲ့ခြင်းကြောင့်လာရောက်တိုင်ကြားရခြင်း
ဖြစ်ကြောင်းအဒေါ်ဖြစ်သူမချောစုကPVAရုံးတွင်ရှင်းပြခဲ့ပါသည်။၎င်းနောက်တွင်ရုံးမှတာဝန်ရှိသူများသည်
မနှင်းအေး အရောင်းစားခံရသည်ဆိုသောအနှိပ်ခန်းသို့လိုက်ပါသွားခဲ့ပြီးမနှင်းအေးအားပြန်လည်တောင်းဆို
ခဲ့ပါသည်။အနှိပ်ခန်းပိုင်ရှင်မှာမူလပထမကငြင်းဆိုနေခဲ့သော်လည်းမိမိတို့အသင်းမှာကြီးသောအမှုကိုငယ်
အောင်၊ငယ်သောအမှုကိုပပျောက်အောင်၊ဆောင်ရွက်ပေးနေသောအသင်းဖြစ်၍သာဤသို့အသာတကြည်
တောင်းဆို နေခြင်းဖြစ်ကြောင်းအသက်မပြည့်ပဲအလုပ်ခိုင်းစားခြင်း၊လူရောင်းစားခြင်း၊အလုပ်သမားအခွင့်
အရေးချိုးဖောက်ခြင်းစသော ခေါင်းစဉ်မျိုးစုံဖြင့်တရားစွဲဆိုရနိုင်ကြောင်းရှင်းပြမှသာမနှင်းအေးအားအသာ
တကြည်ပြန်လည်အပ်နှံပေးခဲ့ပါသဖြင့်PVAရုံးသို့ပြန်လည်ခေါ်ဆောင်ခဲ့ပြီးတူမဖြစ်သူကိုရောအဒေါ်ဖြစ်သူကိုပါ
နောင်နောင်ဤသို့အလားတူအဖြစ်မျိုးမှာရှောင်ရှားနိုင်စေရန်သိသင့်သိထိုက်သည်များပညာပေးပြီးနောက်
 မနှင်းအေးအား အဒေါ်ဖြစ်သူ မချောစုထံပြန်လည်အပ်နှံပေးခဲ့ပါသည်။
From May 7, 2012
From May 7, 2012

5/9/12

အသက်မပြည့်သေးသည့်မိန်းခလေးအားကြိုးတုပ်ရိုက်နှက်အပြစ်ဒဏ်ပေးသူများ

(၅-၅-၂၀၁၂)ရက်နေ့တွင်ကပ်ပီဘန်းရပ်နေ၊ကိုစိုးမိုးအောင်(ခ)ချစ်အောင်သည်အသက်(၁၅)နှစ်သာရှိသေးသည့် ဇနီးမယားမသင်းသင်းနိုင်စိတ်ဆိုးပြီးအိမ်မှထွက်သွားရာကရှာဖွေမတွေ့တော့သဖြင့်ကူညီရရှာဖွေပေးပါရန်PVA ရုံးသို့လာရောက်အကူအညီတောင်းခံခဲ့ပါသည်။ ကိုစိုးမိုးအောင်နှင့်မသင်းသင်းနိုင်တို့မှာအကြင်လင်မယားအဖြစ်ပေါင်းသင်းလာသည်မှာတစ်လနီးပါးခန့်ရှိပြီဖြစ်သည်။မသင်းသင်းနိုင်မှာအမှန်တကယ်(၁၅)နှစ်သာရှိသေးသော်လည်းမသင်းသင်းနိုင်၏မိခင်ကိုယ်တိုင်က သဘောတူကျေနပ်ပေါင်းသင်းစေခဲ့ခြင်းဖြစ်သည်။ှ(၃၀.၄.၂၀၁၂)နေ့တွင်မသင်းသင်းနိုင်သည်အလုပ်ကိစ္စနှင် ဆက်နွယ်အခြားယောင်္ကျားလေးတစ်ဦး၏ဖုန်းနံပါတ်အားသိမ်းဆည်းထားသည့်ကိစ္စနှင့်စိုးမိုးအောင်နှင့်စကားများခဲ့သည်။စိုးမိုးအောင်သည်မသင်းသင်းနိုင်အားရိုက် နှက်ပြီးသတ်ပြစ်မယ်စကားပြောသည်ဟုဆိုမိသဖြင့် မသင်းသင်းနိုင်သည်အိမ်မှထွက်သွားခဲ့ခြင်းဖြစ်သည်။နီးစပ်ရာမည်သည့်နေရာတွင်မှရှာဖွေမတွေ့ပါသဖြင့် PVAရုံးသို့်လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ပါသည်။(၆.၅.၂၀၁၂)နေ့တွင်မသင်းသင်းနိုင်အားစိုးမိုးအောင်(ခ) ချစ်အောင်ကပြန်လည်ရှာတွေ့ခဲ့ပါ၍၄င်းနေထိုင်ရာအိမ်သို့ပြန်ခေါ်လာခဲပြီးသင်းသင်းနိုင်အားခြေလက်နှစ်ဘက်လုံးကြိုးတုတ်ကျောမှောက်စေပြီးရိုက်နှက်ခဲ့သည်။ထိုသို့မသင်းသင်းနိုင် အားကြိုးတုတ်ရိုက်နှက်ရန်ကိုလည်း မသင်းသင်းနိုင်မိခင်ကိုယ်တိုင်ခိုင်းခဲ့ခြင်းဖြစ်သည်။
နောက်နေ့တွင်မသင်းသင်းနိုင်အစ်မဖြစ်သူကမသင်းသင်းနိုင်ပြန်ရောက်သည်ကို(PVA)ကမှာထားသည့်အတိုင်း
PVAအဖွဲ့ဝင်တစ်ဦးအားအကြောင်းကြားသဖြင့်သွားကြည့်ရာမှဤသို့ကြိုးတုတ်ထားသည်ကို မြင်တွေ့ခဲ့ရခြင်း
 ဖြစ်သည်။ထိုကြောင့်မသင်းသင်းနိုင်နှင့်အတူသူမ၏မိခင်နှင့်စိုးမိုးအောင်(ခ)ချစ်အောင်တို့အားဧရာဝတီရုံးသို့
ခေါ်သွားခဲ့ပြီး ဧရာဝတီရုံးနှင့်(PVA)ရုံး(၂)ရုံးဆိုင်နေသဖြင့် ၎င်းအမှုအားဧရာဝတီရုံးကိုဖြေရှင်းစေခဲ့သည်။ မသင်းသင်းနိုင်သည် အသက်မပြည့်သေးသည့်အတွက် ကလေးအခွင့်အရေး ဥပဒေအရ ကလေးသူငယ်နှင့် အမျိုးသမီး စောင့်ရှောက်ရေး ဂေဟာတွင် စိတ်ပိုင်းနှင့် ရုပ်ပိုင်းပြုပြင်စောင့်ရှောက်ရန်နှင့်စိုးမိုးအောင်(ခ) ချစ်အောင်နှင့်မသင်းသင်းနိုင်၏မိခင်အားဤအပြုအမူသည်ရာဇဝတ်ပြစ်ဒဏ်ထိုက်ကြောင်းနောက်နောင်တွင်
ဤသို့မပြုမှုမကျူးလွန်ရန်နှင့်ကျူးလွန်မိပါကလုံးဝခွင့်လွတ်မည်မဟုတ်ကြောင်းပြင်းထန်စွာဆုံးမသတိပေးပြီး မသင်းသင်းနှိင်၏မိခင်အားလည်းကလေးကိုထိန်းသိမ်းစောင့်ရှောက်ရာတွင်လမ်းကြောင်းမှန်မှန်ဖြစ်စေရန်
လမ်းညွှန်ပြောပြခဲ့ပြီး၎င်းအမှုအား ဧရာဝတီရုံးတွင်ပင်အပြီးသတ် ရှင်းလင်းပေးခဲ့ပါသည်။
From May 9, 2012
From May 9, 2012

ပင်လယ်ကူးဖြတ်သောပုစွန်ဆိပ်ငယ်လေးများ

(၆.၅.၂၀၁၂)တွင် သထုံမြို့တွင်နေထိုင်လျက်ရှိသောဒေါ်မချိုက၎င်း၏သမီးမလှလှထွေး(၁၅)နှစ် လာမည့် စာသင်နှစ်တွင်တွင်(၉)တန်းတက်မည့် ကျောင်းသူလေးအားအသက်မပြည့်၊သဘောမတူပဲရဲအောင်(ခ)ရာမူး အသက်(၁၇)ခန့်လူငယ်တစ်ဦးက(၂၄.၄.၂၀၁၂)ရက်နေ့တွင်အောင်စာရင်းသွားကြည့်ရာနေရာမှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ခေါ်ဆောင်လာ၍ခိုးယူပေါင်းသင်းခဲ့ခြင်းအတွက်ကူညီဖြေရှင်းပေးပါရန် (PVA)ရုံးသို့ လာရောက်တိုင်ကြားခဲ့ပါသည်။ ၎င်းတို့စုံတွဲသည်မဲဆောက်ရှိရဲအောင်(ခ)ရာမူး၏မအဝမ်းကွဲတွင် ရောက်နေကြောင်းကြားသိရှိရပါသဖြင့် (PVA)ရုံးမဖွဲဝင်များကဟုံဖိုင်ရွာကျေးရွာရှိရာမူးအမအိမ်တွင်သွားရောက်ရှာဖွေခဲ့ရာမလှလှထွေးနှင့်ရဲအောင်
(ခ)ရာမူးကိုတွေ့ရှိခဲ့ရပြီးPVAရုံးသို့ခေါ် ယူစစ်ဆေးရာ မလှလှထွေးကမိခင်ဖြစ်သူဒေါ်မချိုမှမောင်နှဝမ်းကွဲတော်စပ်သူအမျိုးသားတစ်ဦးနှင့်အတင်းပေးစားသဖြင့် ရည်းစားရဲအောင်(ခ)ရာမူးနှင့်ခိုးရာလိုက်ပြေးခဲ့ခြင်းဖြစ်ကြောင်းဝန်ခံခဲ့ပါသည်။သို့သော်မလှလှထွေးမှာအသက် (၁၅)နှစ်တိတိပင်မပြည့်သေးသည်အတွက်နှစ်ဘက်အုပ်ထိန်းသူများနှင့်ညှိနှိုင်းတိုင်ပင်စေခဲ့ပြီး(၂)ဖက်မိဘများ၏ သဘောတူညီမှုအရ၊ရဲအောင်(ခ)ရာမူးနှင့်မလှလှထွေးကိုဖျောင်းဖျစေကာ၊ရဲအောင်ကိုလည်းမလှလှထွေး အသက်(၁၈)နှစ်ပြည့်မှသာနှစ်ဖက်အုပ်ထိန်းသူများ၏ခွင့်ပြုချက်နှင့်တရားဝင်ပေါင်းသင်းရန်ဖျောင်းဖျပြောဆိုပြီး ရဲအောင်(ခ)ရာမူးအားအမဖြစ်သူထံပြန်လည်အပ်နှံပေးခဲ့သလို၊မလှလှထွေးအားလည်းမိခင် ဒေါ်မချိုထံသို့ စာချုပ်စာတမ်းနှင့်တကွပြန်လည်အပ်နှံပေးခဲ့ပါသည်။

အမိမဲ့သားရေနည်းငါး

(၂၉-၄-၂၀၁၂)ရက်နေ့တွင်ယခင်ဖုတ်ဖပ်မြို့နယ် ခွေးနုကလယ်နှင်းဆီခြံတွင်အလုပ်လုပ်သောကိုဝင်းသည် (၁၁)နှစ်ရှိသမီးတစ်ဦး၊(၃)နှစ်ရှိသမီးတစ်ဦး၊(၆)လရှိသမီးတစ်ဦး၊စုစုပေါင်းသမီး(၃)ဦးနှင့်အတူကျောင်းသား
 ဆေးခန်းမှကိုရန်နိုင်၏ဆက်သွယ်ပေးမှုဖြင့်PVAရုံးသို့အကူအညီတောင်းခံလာခဲ့ပါသည်။
 ဖြစ်စဉ်အရကိုဝင်းသည်ဇနီးသည်မသန်းသန်းဆင့်နှင့်အတူ(၂၀၀၉)ခုနှစ်နှင်းဆီခြံတွင်အလုပ်လုပ်ကိုင်နေစဉ်
တွင် ဇနီးဖြစ်သူမသန်းသန်းဆင့်သည်နှလုံးသွေးကြောကျဉ်းရောဂါ၊တီဘီရောဂါများဖြင့်၊ဖုတ်ဖပ်ဆေးရုံ
 ကျောင်းသားဆေးခန်းတို့တွင်ဆေးကုခဲ့သော်လည်းသက်သာလာခြင်းမရှိပဲ(၂၇-၁၁-၂၀၁၁)ရက်နေ့ တွင်ကွယ်လွန်သေဆုံးသွားခဲ့ပါသည်။ဇနီးသည်ဆုံးပြီးသည့်နောက်ြမန်မာပြည်သို့ပြန်သွားခဲ့သော်လည်း မည်သို့မှအဆင်မပြေပဲကလေးနို့ဖိုးပါအခက်အခဲ့ဖြစ်နေပါ၍(၆)လသားသမီးလေးအတွက် ကျောင်းသား
ဆေးခန်းသို့နို့မှုန့်အကူအညီတောင်းရာမှကျောင်းသားဆေးခန်းရှိကိုရန်နိုင်၏လမ်းညွှန်ပေးမှုအရ လူမမယ်
ကလေးငယ်(၃)ဦးဖြင့်ခေတ္တခဏခိုလှုံနိုင်ရန်PVA ရုံးသို့လာရောက်အကူအညီ တောင်းခံခြင်းဖြစ်ကြောင်း
ရှင်းပြခဲ့ပါသည်။ရုံးမှကိုဝင်းတို့မိသားစု၏အနာဂတ်အရေးကိုစဉ်းစားပေး၍ကိုဝင်းမှသင့်တော်ရာအလုပ်
ထွက်လုပ်ရန်၊(၁၁)နှစ်အရွယ်တတိယသမီးကအငယ်(၂)ယောက်ကိုထိန်းကျောင်းပေးရန်စသောအစီအစဉ်
များချမှတ်ပေးပြီး PVA ရုံးတွင်ခိုလှုံခွင့်ပေးထားလျက်ရှိပါသည်။
From May 7, 2012

5/8/12

မြေဇာပင်တို့၏ဒုက္ခ(၃)

(၂၂-၄-၂၀၁၂)ရက်နေ့တွင်ကိုအောင်နိုင်ထွန်း(၂၁)နှစ်ဇနီးသည်မသန်းသန်းဦး(၂၀)နှစ်တို့်သည်
(၄)လသားအရွယ်သမီးလေးနှင့်အတူPVA ရုံးသို့ရောက်ရှိလာခဲ့ပြီးယာယီတည်းခိုနေထိုင်ခွင့်ပြုရန်
အကူအညီတောင်းခံခဲ့ပါသည်။၎င်းတို့ဇနီးမောင်နှံမှာမူလက ကော့ကရိတ်မြို့ကိုဆံရှည်၏
ကားရေဆေးဆီထိုးဆိုင်တွင်တလလျှင်မြန်မာငွေ(၅၀၀၀၀)ကျပ်နှုန်းဖြင့်အလုပ်လုပ်ကိုင်နေခဲ့သူ့များ
 ဖြစ်ပါသည်။(၁၀-၄-၂၀၁၂)ရက်နေ့ကဆိုင်တွင်အလုပ်အလွန်အမင်းကျပါသဖြင့်ဇနီးဖြစ်သူ
မသန်းသန်းဦးကပါဝင်ရောက် ကူညီခဲ့ရပါသည်။ည(၁၂)နာရီခန့်တွင်သဋ္ဌေးဖြစ်သူက
မသန်းသန်းဝင်းအားအလုပ်ရုံနောက်ရှိ ကားရေဆေးရာတွင်အသုံးပြုသော ရေစက်ကို
အလျင်အမြန်သွားရောက်နိုးစေခဲ့ပါသည်။မသန်းသန်းဝင်းမှာရေစက်သို့မရောက်ခင်မှာ
ပင်ခြေချော်၍ရေတင်သော ရေကန်စောင်းပေါ်သို့ပြုတ်ကျခဲ့ပါသည်။ပြုတ်ကျသည့်အရှိန်
ကြီးမားလွန်းလှပါသဖြင့်ဦးခေါင်းမှာရေကန်စောင်းရှိကျောက်တုံးဖြင့်တိုက်မိ ကာကွဲသွားခဲ့ပါသည်။
တဖန်၎င်းကျောက်တုံးပေါ်မှတဆင့်ကန်ဘေးရှိချုံများမီးရှို့ထားသောမီးပုံပေါ်သို့ထပ်မံပြုတ်ကျ ပြန်ပြီး
ညာဖက်လက်ဖျံတခုလုံးမီးစွဲခံရကာသတိမေ့လျောသွားခဲ့ပါသည်။မသန်းသန်းဦးအားအိမ်ပေါ်သို့ပွေ့ချီ
လာခဲ့ပြီးနောက် ဆေးရုံဆေးခန်းသို့ပို့ဆောင်ပေးပါရန်တောင်းဆိုခဲ့ပါသော်လည်းသဋ္ဌေးမှာသူ့အားအမှု
ပတ်မည်ဆို၍လိုက်မပို့ပေးပဲ သူနှင့်ရင်းနှီးသောကရင်ဆရာမတစ်ဦးကိုပင့်ဆောင်ပေးခဲ့ပါသည်။
ဆရာမကမသန်းသန်းဦး၏ဒဏ်ရာများကိုစစ်ဆေးပြီးဦးခေါင်းဒဏ်ရာများကိုချုပ်ရမည်ဟုပြောသော်လည်း
ချုပ်အပ်မပါလာပါသဖြင့်ဆေးထည့်ပတ်တီးစည်း၍လက်မှမီးလောင်ဒဏ်ရာကိုလည်းဆေးထည့်
ပတ်တီးစည်းကာပြန်သွားခဲ့ပါသည်။၎င်းနောက်တွင်သဋ္ဌေးကိုဆံရှည်ကမြန်မာငွေ(၅၀၀၀၀)ကျပ်ကို ထုတ်ပေးပြီးအမှုပတ်မည်စိုးသဖြင့်ကော့ကရိတ်တွင်ဆေးမကုသပဲအခြားမြို့သို့သွား၍ဆေးဆက်ကုရန်
ပြောဆိုခဲ့ပါသည်။ ထိုနောက်ကိုအောင်နိုင်ထွန်းတို့မိသားစုသည်(၁၁-၄-၂၀၁၂)ရက်နေ့တွင်မဲဆောက်မြို့
ကျောင်းသားဆေးခန်းသို့ရောက်ရှိခဲ့ပြီး ဆေးကုသမှုခံယူခဲ့ပါသည်။ဆေးကုသမှုခံယူနေဆဲတွင်ထိုင်းငွေ
လဲလှယ်ထားသောဘတ်(၁၅၀၀)မှာလည်းပျောက်ဆုံးသွားခဲ့ပြီးဒဏ်ရာများအတန်အတင့်သက်သာလာသည်
နှင့်ကျောင်းသားဆေးခန်းမှတာဝန်ရှိသူများကဆေးခန်းမှဆင်းခိုင်းပါတော့သည်။သို့သော်မိသားစုတစုလုံးမှာ
ပြန်ရန်ငွေလည်းလုံးဝမရှိတော့သည့်အပြင်ကော့ကရိတ်ကကိုဆံရှည်ကလည်းလက်ခံမည်မဟုတ်တော့သည်
ကိုသိရှိပြီးကြံရာမရဖြစ်နေစဉ်တွင်ဘေးရှိမိတ်ဆွေများ၏အကြံပေးမှုကြောင့်PVAရုံးသို့လာရောက်အကူအညီ
 တောင်းခံခြင်းဖြစ်ကြောင်းပြောပြခဲ့ပါသည်။PVA ရုံးမှ၎င်းမိသားစုအားလက်ရှိလက်ခံကယ်တင်ထားပြီး
၎င်းတို့မိသားစု၏ အနာဂတ်ကိုပြန်လည်ပုံဖော်နိုင်စေရန်ပထမအဆင့်အနေဖြင့်ကိုအောင်နိုင်ထွန်းအား
သင့်တော်ရာအလုပ်တခုစတင်ရှာဖွေ ပေးလျက်ရှိပါသည်။
May 7, 2012

4/25/12

ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး

မဲဆောက်မြို့ရပ်နေမနွယ်နွယ်သည်(၇-၄-၁၂)ရက် နံနက်(၄)နာရီခန့်တွင် PVA ရုံးသို့လာရောက်ခဲ့ပြီး မိမိအားကိုယ်ထိလက်ရောက်စော်ကားနာကျင်စေခဲ့သောထိုင်းလူမျိုးသမြှောင်ဆိုသူအားအရေးယူပေးပါရန်
တင်ပြအကူအညီတောင်းခံခဲ့ပါသည်။အကြောင်းစုံကိုမေးမြန်းရာတွင်မနွယ်နွယ်မှာရှမ်းလူမျိုး အထစ်နှင့်
အကြင်လင်မယားအဖြစ်ပေါင်းသင်းခဲ့သည်မှာ(၅)နှစ်ရှိပြီဖြစ်ကြောင်း အဆင်မပြေအားကိုးရာမဲ့ဘ၀အခြေနေကြောင့်အားကိုးရာရှာမိရာမှယူခဲ့ရခြင်းဖြစ်သော်လည်း အထစ်သည်
မနွယ်နှင့်အိမ်ထောင်ရေးကိုတန်ဖိုးထားအရေးစိုက်ခြင်းမရှိပဲအမျိုးမျိုးသော အိမ်ထောင်ရေးဖောက်ပြန်မှုများ
ကိုကျုးလွန်ခဲ့ပါကြောင်းလူမျိုးရေးမတူညီမှုအပေါ်အနိုင်ထက်ပြု အထက်စီးဆန်သော အပြုအမူများနှင့်အတူ မနွယ်နွယ်သည်အထစ်၏နိုပ်စက်မူပေါင်းများစွာကို သည်းခံပေါင်းနေခဲ့ရကြောင်းကိုမနွယ်နွယ်က
ထွက်ဆိုခဲ့ပါသည်။ထိုအပြင်မနွယ်နွယ်၏ ပထမအိမ်ထောင်နှင့်ရသောအသက်(၁၄)နှစ်သမီးလေးအား
အထစ်သည်မဖွယ်မရာထိကပါးရိကပါး မကြာခဏပြုတတ်ပါသဖြင့်အထစ်နဲ့မနွယ်နွယ်မကြာခဏပြဿနာ
တက်တတ်ကြောင်းလည်းထွက်ဆိုခဲ့ပါသည်။
(၆-၄-၂၀၁၂)ရက်နေ့မနက်(၃)နာရီခန့်ကမနွယ်နွယ်အထစ်အားအလုပ်ကိစ္စတစ်ခုပေါ်လာပါ သဖြင့်
အထစ်ထံသို့ဖုန်းဆက်ရာစားသောက်ဆိုင်တွင်သောက်စားပျော်ပါးနေသောအထစ်မှာချက်ခြင်းဖုန်းမကိုင်ခဲ့ပဲ အတန်ကြာမှမနွယ်နွယ်ထံဖုန်းပြန်ခေါ်ကာငါ့ကိုဘာလို့ဖုန်းဆက်တာလည်း နောက်ဆိုလည်းဘယ်တော့မှ
ဖုန်းမဆက်နဲဟုဆဲဆိုကာမနွယ်နွယ် ရှင်းပြသည်ကိုလည်းဆုံးအောင် သေချာနားမထောင်ပဲ
ဖုန်းချသွားခဲ့သဖြင့်မနွယ်နွယ်စိတ်ဆိုးပြီးအထစ်နေရာသို့.လိုက်သွားခဲ့ရာမှ လင်မယားခြင်းဆဲဆိုရန်ဖြစ်
စကားများခဲ့ပါသည်။ထိုသို့စကားများနေစဉ်အထစ်သူငယ်ချင်းထိုင်းလူမျိုး သမြှောင်ဆိုသူက၀င်ရောက်ကာ
နင်ဘယ်သူကိုဆဲတာလည်းဟုမေးရာမနွယ်နွယ်ကငါ့ယောက်ကျားငါဆဲတာဟုပြန်ပြောယုံမျှဖြင့် သမြှောင်သည်မနွယ်နွယ်ကိုခြေဖြင့်ကန်ခြင်းလက်သီးဖြင့်ထိုးခြင်းဖြင့် ဝင်ရောက်အကြမ်းဖက်ပါတော့သည်။
ပါးစပ်မှလည်းနင့်ကိုရောနင့်သမီးကိုပါဘယ်လိုဘယ်ပုံ လုပ်ပစ်မယ်ဟုမကြားဝံ့မနာသာပြောဆိုခဲ့ပါသည်။
ထို့အပြင်မနွယ်နွယ်အားချွန်ထက်သည့်အရာ တစ်ခုဖြင့်ဘယ်ဘက်မျက်နှာပါးစပ်နားသို့ထိုးလိုက်ပါသည်။
အထစ်သည်၎င်းမြင်ကွင်းကိုမြင်ပါ သော်လည်းဝင်မဆွဲသည့်အပြင်မနွယ်နွယ်လက်တစ်ဘက်ကိုပါချူပ်ထားပေးပါသည်။ အထစ်ကနင်တို့မြန်မာလူမျိုးတွေငါတို့နိုင်ငံမှာလာနေတာငါတို့လုပ်ချင်သလိုလုပ်လို့ရတယ်ဟုပြောပြီး မနွယ်နွယ်ကိုချူပ်ထားပေးခြင်းဖြစ်သည်။ယင်းဖော်ပြပါအဖြစ်အပျက်များဖြစ်ပြီးနောက် မနွယ်နွယ်သည်ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသို့မနက်(၄)နာရီခွဲခန့်တွင်လာရောက်တိုင်ကြားကာ ပြဿနာအားဥပဒေအတိုင်းစီစဉ်ဆောင်ရွက်ပေးရန်အကူညီတောင်းခံခဲ့ပါသဖြင့်PVAရုံးမှ ထိုင်းအာဏာပိုင်ရုံးသို့သွားရောက်အမှုဖွင့်တိုင်ကြားနိုင်ရန်နှင့်၎င်း၏ ဒဏ်ရာအားဆေးရုံသို့သွားရောက်
 ပြသကုသမှုခံယူနိုင်ရန်အကူညီပေးခဲ့ပါသည်။၎င်း၏ဒဏ်ရာအားမဲဆောက်ဆေးရုံတွင်(၄)ချက်ချူပ်ခဲ့ရပြီး ၎င်းအမှုအားထိုင်းနိုင်ငံရဲတပ်ဖွဲ့၏အကူအညီဖြင့်ဖြေရှင်းပေးလျှက်ရှိပါသည်။
From April 25, 2012

4/8/12

မြေဇာပင်များရဲ့ဒုက္ခ(၂)

မြန်မာနိုင်ငံ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ကျောင်းပိုင်းရပ်ကွက်နေ မမြင့်မြင့်အေး အသက်(၃၇)နှစ် အဖဦးတင်အေး အမိ ဒေါ်ခင်အေးတို့သမီးဖြစ်သူသည် ပျောက်ဆုံးနေသော မိခင်အားရှာဖွေပေးရန်နှင့် ယာယီနေထိုင်စားသောက်ခွင့်ပေးရန်PVAရုံးသို့(၄-၄-၂၀၁၂)ရက်နေ့တွင်လာရောက်အကူအညီတောင်းခံ ခဲ့ပါသည်။
ဇော်ကြောင်းစုံမှာ မမြင့်မြင့်အေးသည် မီးရထား ၀န်ထမ်း နေု့စားလုပ်သူ ကိုဝင်း နှင့် ၁၉၉၁ခုနှစ်တွင် အကြောင်းပါ ပေါင်းဖက်ခဲ့ပါပြီး ခင်ပွန်းဖြစ်သူ ကိုဝင်းတာဝန် ကျရာ မော်လမြိုင်မြို့ မီးရထားဝန်ထမ်းအိမ်ရာ တွင်လိုက်ပါနေထိုင်ခဲ့ပါသည်။ ၂၀၁၁ခုနှစ် ၈လပိုင်းတွင် သားကြီးမောင်ခန့်ဝင်း အသက်(၉)နှစ်နှင့် သားငယ် ကိုယ်ဝန်ဆောင်ထားစဉ် မမျော်လင့်သော ကံကြမ္မာကြောင့် ကိုဝင်းသည် ရုတ်တရက် ဦးနှောက်သွေးကြော ပြတ်၍ သေဆုံး ခဲ့ပါသည်။မသေဆုံးစဉ်မီးရထားဝန်ထမ်းအိမ်ရာ မှ တာဝန်ရှိသူ တစ်ဦးက မော်လမြိုင် ဆေးရုံ သို့ပို့ဆောင်ကုသပေးခဲ့ပြီးသေဆုံးပြီးနောက်တွင် သင်္ဂြိုလ် စရိတ်အဖြစ်ကျပ်ငွေသုံးသောင်းကို သူ၏ခင်ပွန်းဖြစ်သူ၏ မိဘများလက်သို့ ပေးအပ်ခဲ့ပါသည်။
ခင်ပွန်းဖြစ်သူသည် အစိုးရ၀န်ထမ်းမဟုတ်သည့် အတွက် ပင်စင်လစာမရရှိပါ။ ထောက်ပံ့ကြေးငွေ အဖြစ် ကျပ်ငွေ တစ်သောင်းကို (၇) လတိတိ ပေးခဲ့ပါသည်။ ၂၀၁၂ခုနှစ် ၁လပို်င်းတွင် အခြားသောမိသားစု ရွှေ့ပြောင်းလာမည်ဖြစ်သည့်အတွက်မီးရထားအိမ်ရာမှ ပြောင်းရွှေ့ပေးရန် ပြောဆိုလာသည့်အတွက် သားငယ်ကို မွေးဖွားခဲ့ပြီး ကလေး(၇)ရက်သားတွင် အစ်မ ဖြစ်သူကို အကူအညီတောင်းပြီး ထိုင်းနိုင်ငံ မဲ့ဆောက်မိခင်ဖြစ်သူရှိရာသို့(၃.၃.၂၀၁၂)ရက်နေ့တွင်ရောက်လာခဲ့ပါသည်။မဲ့ဆောက်တွင်မိခင်ဖြစ်သူအား ရှာဖွေခဲ့ရာ မတွေ့ခဲ့ပဲ သားငယ်နေမကောင်း၍ မယ်တော်ဆေးခန်းသို့ တက္ကဆီဆိုင်ကယ်ဖြင့် လာပြ စဉ် ကျောင်းသားဆေးခန်း လူမှုဆက်ဆံရေးဌာန ကိုရန်နိုင်မှ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း(PVA) သို့ အကူအညီတောင်းခံရန်လမ်းညွှန်ခဲ့ရာမှ(PVA)သို့အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပါသည်။ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းကလည်းထိုင်းနိုင်ငံမဲ့ဆောက်တွင်အကြောင်းအမျိုးမျိုးကြောင့်ဒုက္ခ္ခရောက်နေသော မြန်မာနိုင်ငံသား/သူများ၏ကျန်းမာရေး၊ပညာရေး၊လူမှုရေးနှင့်ဥပဒေရေးရာတို့ကို တက်အားသ၍ကူညီဖြေရှင်းဆောင်ရွက်ပေးနေသည်နှင့်အညီ မမြင့်မြင့်အေးတို့မိသားစုအားလည်း
ယာယီကယ်ဆယ်ထားပြီး ၎င်း၏မိခင်အားကူညီရှာဖွေပေးလျှက် ရှိပါသည်။
From April 9, 2012
From April 9, 2012
From April 9, 2012

4/4/12

သူယုတ်များအား မယုံမှားစေလို

(၈.၃.၂၀၁၂)ရက်နေ့ည(၇)နာရီခန့်တွင်ထိုင်းနိုင်ငံမဲဆောက်မြို့ကွင်းပိုင်းဗလီ အနီးတွင်နေထိုင်သော
 မောင်ကျော်စွာလင်း အသက် (၂၁) နှစ်သည် မိမိ၏နေအိမ်တွင်းသို့တရားမဝင် ဝင်ရောက်ရှာဖွေပြီးမိမိ၏ ဇနီးဖြစ်သူ မ မြတ်နိုးသူနှင့်မသန္တာတို့အားတည်းခိုခန်းသို့ခေါ်ဆောင်ကာသားမယားအဖြစ်ပြုကျင့်ခဲ့သော
အမှုကိုကူညီဖြေရှင်းပေးပါရန် PVA ရုံးသို့ လာရောက်တိုင်ကြား ခဲ့ပါသည်။
ဖြစ်စဉ်မှာ(၁၉.၂.၂၀၁၂)ရက်နေ့ည(၁)နာရီခန့်ကမမြတ်နိုးသူ နေထိုင်မကောင်းဖြစ်နေပါသဖြင့်ခင်ပွန်းဖြစ်သူ
ကျော်စွာလင်းနှင့်မသန္တာတို့သည်7elevenstoreဆိုင်သို့စားစရာများနှင့်ဆေးဝါးများသွားရောက်ဝယ်ယူနေစဉ်
တွင်အမည်မသိလူသုံးဦးအိမ်အတွင်းသို့ရှမ်းစကားများပြော၍ ဝင်ရောက်လာခဲ့ပါသည်။၎င်းတို့ကသူတို့သည်
ထောက်လှမ်းရေးကဖြစ်ကြောင်းနှင့်မြင်းဆေးများသတင်းရ၍ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်းချိန်းချောက်
ပြောဆိုပြီးအိမ်အတွင်းသို့မွှေနှောက်ရှာဖွေခဲ့ကာပိုက်ဆံအိတ်ထဲမှဘတ်ငွေ(၂၇၀၀)နှင့်ခေါင်းအုံးအောက်တွင်
သိမ်းထားသောဘတ်ငွေ(၂၈၀၀)ပေါင်းဘတ်ငွေ(၅၅၀၀)နှင့်အပေါင်ခံထားသောတယ်လီးဖုန်းတစ်လုံးမြတ်နိုးသူ
ကိုင်ဆောင်သောတယ်လီဖုန်း တစ်လုံးပေါင်း(၂)လုံးကိုသိမ်းယူ ခဲ့ပါသည်။ ထိုနောက်မြတ်နိုးသူ အား
 တစ်ကိုယ်လုံးချွတ်ခိုင်းပြီးပိန်ပိန်နှင့်လူတစ်ယောက်မှရှာဖွေသည်ဟုအကြောင်းပြ၍တကိုယ်လုံးအနှံ
ကိုင်တွယ်ပြီးမှအင်္ကျီ အဝတ်အစား များပြန်ဝတ်ခိုင်းစေပါသည်။ထိုအချိန်တွင် မောင်ကျော်စွာလင်း
 နှင့် မသန္တာ ပြန်ရောက်လာရာ၎င်းလူသုံးဦးထဲမှဝဝနှင့်တစ်ယောက်ကမောင်ကျော်စွာလင်းအား
ကြက်သွန်လှီးသောဓါးဖြင့်ထောက်ကာမောင်ကျော်စွာ၏လက်ကိုလိမ်ကြမ်းပြင်ပေါ်၌မှောက်ခိုင်းထားပြီး 
 ပါလာသောတယ်လီဖုန်းတစ်လုံးနှင့် ဘတ်ငွေ (၉၆၀)ကို ထပ်မံ သိမ်းယူလိုက်ပါသည်။မသန္တာအားလည်း မမြတ်နိုးသူအားပြုသကဲ့သို့တစ်ကိုယ်လုံး ချွတ်ရှာဖွေပြီး မသန္တာ၏ တယ်လီဖုန်းကိုပါသိမ်းယူခဲ့ပါသည်။
ထို့နောက်မာင်ကျော်စွာလင်းအားပိန်ပိန်နှင့်လူတစ်ယောက်က ဓါးဖြင့်ထောက်ခါ စောင့်နေခဲ့ပြီး မြတ်နိုးသူ
နှင့် မသန္တာ အားဆီးစစ်မည် ဟု ဆိုကာ ကျန်လူ နှစ်ဦးမှ ခေါ်ဆောင်သွားခဲ့ပါသည်။ အခန်းတွင် ကျန်ရစ်သော မောင်ကျော်စွာလင်းသည်အလစ်အငိုက်တွင်၎င်းအားစောင့်သောသူ၏မျက်နာအားလက်သီးဖြင့်
ထိုးကာထွက်ပြေးခဲ့ပြီးသူငယ်ချင်းများထံအကျိုးအကြောင်းပြောပြကာအကူညီတောင်းခဲ့သော်လည်းမမြတ်နိုးသူ
တို့အားအဆက်အသွယ်မရခဲ့ပါ။မနက်မိုးလင်းခါမှ မောင်ကျော်စွာလင်း၏ သူငယ်ချင်းထံသို့ မမြတ်နိုးသူမှ
ဖုန်းဆက် လာပါသည်။ ညက ခေါ်ဆောင်သွားသောသူများမှာ ရဲမဟုတ်ကြောင်း မမြတ်နိုးသူနှင့် မသန္တာတို့အား တည်းခို ခန်းတစ်ခုသို့ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားပြီး ဝဝနှင့်လူက မသန္တာအား၎င်း ပိန်ပိန်ပါးပါးနှင့်လူက မမြတ်နိုးသူအား၎င်း အခန်းတစ်ခန်းစီသို့ ခေါ်ဆောင်ကာ သားမယား အဖြစ်ပြုကျင့်ခဲ့ပြီး မမြတ်နိုးသူ အားသားမယားအဖြစ် ပြုကျင့်ခဲ့သူမှာ ၎င်းအပြင်တည်းခိုးခန်းမှ တခြားလူတစ်ဦးပါခေါ်ကာမမြတ်နိုးသူအားသားမယားအဖြစ်ပြုကျင့်စေခဲ့ပါသည်။၎င်းရဲအတုယောင်ဆောင်သူ
များကတစုံတရာတိုင်တန်းခြင်းပြုခဲ့ပါကလာရောက်သတ်ပြစ်မည်ဖြစ်ကြောင်းလည်း ချိန်းချောက်ခဲ့ကြောင်း
သိရှိရပါသည်။
ဤသို့လူမဆန်ပဲမြေနိမ့်ရာလှံစိုက်တတ်သောအခွင့်အရေးသမားများကိုရှာဖွေဖော်ထုတ်အရေးယူနိုင်စေခြင်း
အလို့ငှာPVA သည် ထိုင်းနိုင်ငံရဲတပ်ဖွဲ့များ၏ အကူအညီပါရယူ စုံစမ်းလျှက်ရှိပါသည်။
April 4, 2012

မြေဇာပင်များရဲ့ဒုက္ခ

မြန်မာနိုင်ငံရခိုင်ပြည်နယ်မင်းပြားမြို့နယ်ပန်းမြောင်ရွာနှင့်မြောက်ဦးမြို့နယ်ကူးတို့ကျေးရွာနေရခိုင်အမျိုးသား
များဖြစ်သော ကိုမောင်သန်း အသက်(၄၀)နှစ်၊ ကိုအောင်သန်း (၃၆)နှစ်နှင့် မောင်ဝင်းတင် (၃၄)နှစ် တို့သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ သို့ ၃၀.၃.၂၀၁၂ နေ့တွင် လူဝင်မှုကြီးကြပ်ရေးရုံး (တောမော) လက်မှတ်ဖြင့်လာစဉ် အထုပ်အပိုးများ နှင့် ကားဂိတ်တွင် ထိုင်းရဲမှ ဖမ်းဆီးပြီး အချုပ်ထဲတွင်(၄)ရက်
 နေထိုင်ခဲ့ရပါသည်။ အုန်းပြန့်ဒုက္ခသည် စခန်းမှ အဒေါ်ဖြစ်သူ၏ အကူအညီဖြင့် အချုပ်မှ (၃.၃.၂၀၁၂)ရက်နေ့ တွင် လွတ်မြောက် ခဲ့ပါသည်။ လွတ်မြောက်လာပြီးနောက်တွင် အုန်းပြန့်ဒုက္ခသည် စခန်းသို့ ခရီးသွားရန်နှင့် မဲ့ဆောက်မြို့ တွင် ယာယီနေထိုင် စားသောက် တည်းခိုခွင့် ကို ပြည်သူ့စေတနာ့ ၀န်ထမ်း အသင်း(PVA) သို့ အကူအညီ တောင်းခံခဲ့ပါသည်။ သို့ဖြစ်ပါ၍ နားခိုရာမဲ့နေသော ထိုင်းနိုင်ငံ မဲ့ဆောက်သို့ လာရောက်အလုပ် လုပ်ကိုင်သော ဒုက္ခရောက် မြန်မာပြည်သူ/သားများ အတွက် ပြည်သူ့စေတနာ့ ၀န်ထမ်းအသင်း ချမှတ်ထား သော အခမဲ့ အလုပ်ရှာပေးခြင်း၊ ရှေ့ဆက်မည့် ခရီးလမ်းကို ပို့ဆောင်ပေးခြင်း၊ (၇)ရက် ယာယီတည်းခို စားသောက် နေထိုင်ခွင့် ဖြင့် လက်ခံ ကူညီခဲ့ပါသည်။
April 4, 2012

4/2/12

ရိုင်းစိုင်းမှုကင်း ယိုင်းပင်းစေလို

(၂၉.၃.၂၀၁၂)ရက်နေ့ နေ့လည် ၁၂း၀၀ နာရီတွင် ထိုင်းနိုင်ငံ မဲ့ဆောက်မြို့ ကပ်ဖိဘန်းရပ်နေ ကျဘန်းအလုပ်လုပ်ကိုင်သော မဖြူဝင်း အသက်(၂၆)နှစ်သည် ၎င်း၏အိမ်နီးနားချင်းမိသားစုနှင့်
စကားများကြရာမှအိမ်ပေါ်ထိကိုယ်ထိလက်ရောက်ရိုက်နှက်ခံခဲ့ရသည့်အပေါ်လိုအပ်သလိုကူညီဖြေရှင်း
ပေးပါရန် ပြည်သူ့စေတနာ့ ၀န်ထမ်းအသင်း (PVA) သို့အကူအညီတောင်းခံခဲ့ပါသည်။
 ဖြစ်စဉ်မှာမဖြူဝင်းသည် တန်းလျှားတခုတည်း နေထိုင်သူ မယုထံမှ ငွေချေးရာမှ စတင်ခဲ့ပါသည်။
 ငွေချေးပြီးအပြန်တွင်အိမ်နီးခြင်း မောင်မျိုး၏ ဇနီးမိစန်းက အဆင်ပြေလားမေးရာမပြေဘူး နင့်ယောင်္ကျားလည်းချေးထားလို့တဲ့ ဟုပြောဆိုမိရာမှ မိစန်း၏ ယောင်္ကျား မောင်မျိုးက မကျေနပ်၍ မဖြူဝင်းအားနားမခံသာအောင် ဆဲဆို ကြိမ်းမောင်း ခဲ့ပါသည်။မဖြူဝင်းမှာလည်း မခံနိုင်၍ ပြန်လည် တုန့်ပြန်ဆဲဆိုရာမှ အိမ်ပေါ်အထိ တက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ခြင်းဆက်လက်
 ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
အခင်းဖြစ်ပွားချိန်တွင်ဘေးအိမ်နားရှိသူဒေါ်စိန်ပုမတရားမလုပ်ကြပါနဲနင်တို့တရားလွန်နေပြီသူဌေးကို
သွားတိုင်မယ် ဟုပြောမှသာရိုက်နှက်ခြင်းမှာရပ်တန့်သွားခဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့ပါသည်။
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှမောင်မျိုးတို့မိသားစုအားခေါ်ဆို၍အဖြစ်မှန်ကိုနှစ်ဦးနှစ်ဘက်
မေးမြန်းခဲ့ပါသည်။ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့်မောင်မျိုးနှင့်ဇနီးဖြစ်သူ မိစန်းတို့က
၎င်းတို့မှားယွင်းကြောင်းလည်းဝန်ခံပါသဖြင့်၎င်းတို့အားမဖြူဝင်း၏ဆေးဝါးကုသမှုစရိတ်အားကျခံစေပြီး
နောက်နောင် တစ်ဦးနှင့်တစ်ဦး တစ်ဘက်နှင့်တစ်ဘက် ဤသို့ထပ်မံမဖြစ်ပွားစေရန် ၀န်ခံကတိပြု လက်မှတ်ရေး ထိုးစေကာ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသော မြန်မာပြည်သား အချင်းချင်း ရိုင်းပင်းကူညီ ကြရန် ဥပဒေကြောင်းအရ အရေးယူခံရနိုင်ကြောင်း ပညာပေးပြောဆို ဖြေရှင်းပေးခဲ့ပါသည်။
April 2, 2012

3/31/12

ကိုဦး(ခ)ကိုအောင်ကြည်ဝင်း၏ဈာပဏ

(၂၁-၃-၂၀၁၂)ရက်နေ့က သေဆုံးကွယ်လွန်သွားခဲ့သော PVA အဖွဲ့ဝင် ကိုဦး(ခ)ကိုအောင်ကြည်ဝင်း၏ ဈာပဏအား တင်ပြက ကိုဦး(ခ)ကိုအောင်ကြည်ဝင်းအား ဂုဏ်ပြုအပ်ပါသည်။

3/30/12

မေတ္တာခြင်းပြိုင် သားကိုဘယ်သူပိုင်သလဲ

(၂၅-၃-၂၀၁၂) ရက်နေ့တွင် မြဝတီမြို့(၉၇) ကုန်းရပ်နေကိုဇော်ထူးမှ ၎င်း၏ မွေးစားသားအားပြန်လည် ရယူလိုမှုအားအကူအညီပေးပါရန်PVA ရုံးသို့လာရောက်အကူအညီတောင်းခံခဲ့ပါသည်။ အကြောင်းစုံမှာ ကိုဇော်ထူးသည်မိုးမင်းခန့်(၆)နှစ်အား(၅)လသားအရွယ်မှစတင်၍ မြဝင်္တီမံမီဂိတ်တွင် စာချုပ်စာတမ်းနှင့် သဘောတူလက်မှတ်ထိုး မွေးစားခဲ့ခြင်း ဖြစ်ပါသည်။
(၄-၃-၂၀၁၂)ရက်နေ့တွင် ဖခင်ရင်းဖြစ်သူ ကိုစောဆဲနေမှ ကလေးအားတွေ့ဆုံခွင့်တောင်းပါသဖြင့် ခေတ္တခဏ ပို့ဆောင်တွေ့ဆုံခွင့်ပြုခဲ့ပါသည်။ဤသို့အလည်အပတ်ခေါ်ဆောင်သွားခွင့်ပြုခဲ့ပါသော်လည်း (၂၅-၃၂၀၁၂) ရက်နေ့တိုင်အောင်ပြန်လည်ပို့ဆောင်ပေးခြင်းမရှိပဲ အဆက်အသွယ်ပါဖြတ်တောက် ထားပါသဖြင့်ဤသို့လာရောက်တိုင်ကြားရခြင်းဖြစ်ကြောင်းရှင်းပြခဲ့ပါသည်။ကိုဇော်ထူးကမွေးစားစဉ်ချုပ်ဆိုခဲ့သော စာချုပ် မွေးစာရင်း အိမ်ထောင်စုစာရင်းများကိုပါ ပူးတွဲတင်ပြခဲ့ခြင်းဖြစ်ပါသည်။
ထိုကြောင့် PVA မှ ခြေရာဖျောက်သွားသူ ကိုစောဆဲနေ၏နေရပ်ကို စုံစမ်းရာ နောင်ခယိုဒေသတွင် လက်ရှိနေ နေကြောင်းကြားသိရပါသဖြင့် PVA ဗဟိုရုံးမှတာဝန်ရှိသူများသည် မယ်တောင်မိုင်ဒေသ ကော်မတီဝင်များနှင့်အတူ(၂၇-၃-၂၀၁၂)ရက်နေ့တွင်နောင်ခယိုဒေသ သို့သွားရောက်ကာ ရွာသူကြီးနှင့် နှင့်တကွKNUနှင့်KYOအဖွဲ့အစည်းများအားပြောဆိုရှင်းပြအကူအညီတောင်းခံစုံစမ်းခဲ့ပါသည်။ကိုစောဆဲနေအားရှာဖွေတွေရှိခဲ့ခြင်းမရှိသော်လည်းဝဲကုလားကျေးရွာတွင်ရှိနေကြောင်းထပ်မံသိရှိရပါသဖြင့်PVA၊ KNUနှင့် KYO အဖွဲ့ဝင်များပူးပေါင်းပြီး ဝဲကုလားကျေးရွာသို့ ဆက်လက်သွားရောက် စုံစမ်းခဲ့ကြပါသည်။ ကိုစောဆဲနေအား ချက်ခြင်းရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း KNU၊ KYO နှင့် ထိုင်းသူကြီးများအဖွဲ့က ၎င်းတို့ဆက်လက်စုံစမ်းထားပေးမည်ဖြစ်ကြောင်းတွေ့ရှိသည်နှင့်တပြိုက်နက်အကြောင်းကြားပေးပါမည်ဟူသော ကတိပြု ကူညီလိုက်လျောမှုကိုမူရရှိခဲ့ပါသည်။ထိုနောက် (၂၉-၃-၂၀၁၂) ရက်နေ့တွင် ၎င်းတို့ ကတိပြုထားသည့်အတိုင်းကိုစောဆဲနေကိုရောကလေးကိုပါတွေ့ရှိပြီးဖြစ်ပါ၍လာရောက်ခေါ်ယူရန်KNU KYOနှင့်ရွာသူကြီးအဖွဲ့ကအကြောင်းကြားလာပါသဖြင့် PVA အဖွဲ့ဝင်များသည် ဝဲကုလားသို့သွားရောက် ကလေးငယ်အားခေါ်ဆောင်ခဲ့ပြီး၎င်း၏မွေးစားဖခင်ကိုဇော်ထူးနှင့်မိခင်တိုထံသားငယ်မိုးမင်းခန့်အား ပြန် လည်အပ်နှံပေးခဲ့ပါသည်။

3/26/12

ကလေးထိန်းခ ပေးပါမှ

(၂၁-၃-၂၀၁၂) ရက်နေ့တွင် မဲဆောက်မြို့------ ရပ်နေ မအေးအေးခိုင်သည် ၎င်း၏ရသင့်ရထိုက်သော လုပ်အားခများရယူလိုမှုအား အကူအညီပေးပါရန် PVA ရုံးသို့ လာရောက် အကူအညီတောင်းခံခဲ့ပါသည်။အကြောင်းစုံမှာ မအေးအေးခိုင်သည် ကိုဝင်းထွန်ုးနှင့် မကရင်မတို့အိမ်တွင် (၁၉-၈-၂၀၁၁)ရက်နေ့မှစတင်၍ တစ်လလျှင် (၁၅၀၀)ဘတ်နှုန်းဖြင့် ကလေးထိန်းအလုပ်ကိုစတင် လုပ်ဆောင်ခဲ့ပါသည်။(၁၉-၁-၂၀၁၂) မ(၁၉-၃-၂၀၁၂) အထိလစာငွေကို နှစ်ရာပေး သုံးရာပေးနှင့် (၁၆၅၀)ဘတ်သာလျှင် ရရှိခဲ့ပြီး ကျန်ငွေများကိုတောင်းဆိုသောအခါ ရက်ချိန်းများသာ အကြိမ်ကြိမ်ပေးပြီး ပေးချေခြင်းမရှိသောကြောင့် အကူအညီတောင်းခံခြင်းဖြစ်ကြောင်းသိရပါသည်။ထိုနောက် PVAသည် ကိုဝင်းထွန်းအားခေါ်ဆို၍ ၎င်းကိစ္စအား ကြေလည်အောင်ဖြေရှင်းပေးစေခဲ့ခြင်းဖြင့် မအေးအေးခိုင် လုပ်အားခများပြန်လည်ရရှိစေခဲ့ပါသည်။
March 26, 2012

စတုတ္ထအကြိမ် စုပေါင်းရှင်ပြုရဟန်းခံ အလှူမင်္ဂလာပွဲ နိုးဆော်လွှာ

3/25/12

စတုတ္ထအကြိမ် စုပေါင်းရှင်ပြုရဟန်းခံ အလှူမင်္ဂလာပွဲ နိုးဆော်လွှာ

PVA နှင့် အများ ပြည်သူတို့ လက်တွဲ ပူးပေါင်းမှုဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သော သင်္ကြန်ကာလအတွင်းစုပေါင်းရှင်ပြုရဟန်းခံ အလှူမင်္ဂလာပွဲသည် ယခုနှစ်တွင် စတုတ္ထအကြိမ်ရောက်ခဲ့ပြီဖြစ်သည်။မြင့်မြတ်လှသော မင်္ဂလာပွဲကြီးတွင် ပါဝင်ဆင်နွှဲ လှူဒါန်းနိုင်စေ ခြင်းငှာ အသိပေးနိုးဆော်အပ်ပါသည်။

3/13/12

ကလေးငယ်(၂) ဦးအား မိခင်ထံပြန်လည် အပ်နှံပေးခြင်း

ထိုင်းနိုင်ငံ မဲဆောက်မြို့  မွတ်စလင် ရပ်ကွက်တွင်နေထိုင်သော မစွမ်မရာ သည် ၁၀.၃.၂၀၁၂ နေ့ နေ့လည် (၁)နာရီခန့်တွင်ပည်သူ့စေတနာ့ဝန်ထမ်းအသင်းရုံးသို့လာရောက်၍ ခင်ပွန်းဖြစ်သူ နေဆာ(ခ) အေးကျော်
 ခေါ်ဆောင်သွားသောကလေးနှစ်ဦးအားပန်လည်ခေါ်ဆောင်ပေးပါရန် အကူအညီတောင်းခံခဲပါသည်။
 ဖြစ်စဉ်မှာလင်မယားခြင်းစကားများ ရန်ဖြစ်ခဲ့ပြီးနောက်အိမ်ရှိ ကလေးငယ်နှစ်ဦးအား လင်ဖြစ်သူမှ ခေါ်ဆောင် ထွက်ခွာသွားခဲ့ခြင်းမျှသာ ဖြစ်ကြောင်း သိရပါသဖြင့် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း မွတ်စလင် ရေးရာ တာဝန်ခံအဘိုင်အောင်သန်းမှ၎င်းကလေးငယ်နှစ်ဦးအားသွားရောက်ခေါ်ယူကာ မိခင်လက်သို့ ပြန်လည်
အပ်နှံပေးခဲ့ပါသည်။
 
Powered by Blogger